ကျောက်တော် ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ မြေပြင်တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များက ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ် (Working Group ) မြေပြင်ကွင်းဆင်းရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက် ၊ မြို့သစ်ရပ်ကွက်သို့သွားရောက်၍ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွန့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကုဋေစည်သူနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသန့်ဇော်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးသန်းမောင်နှင့် လဝကဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များက အိမ်ထောင်စု လူဦးရေစာရင်းများ ကောက်ယူရာတွင် တိကျမှန်ကန်မှုရှိ စေရေးအတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိုက် ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စာရင်းကောက်ယူရာတွင် မြေပြင်စာရင်းကောက်အဖွဲ့များမှ အိမ်ထောင်စုစာရင်းနှင့် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ် တက်ဆင်း မြေပြင်ကွင်းဆင်းစစ်ဆေး ကောက်ယူခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ကျောက်တော် ပြန်/ဆက်)