ဇန်နဝါရီ ၁၇
ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၄၃၇၈ ဦးထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၈၄ ဦး ထပ်မံသေဆုံးခဲ့သည်ဟု သိရသည်။
နိုင်ငံတစ်ဝန်းတွင် ယင်းရောဂါကူးစက်ခံရမှုကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားသူ ၆၈၇ ဦးသည် အသက်ရှုအထောက်အကူပြုကိရိယာအသုံးပြုရကြောင်း ဖော်ပြထားသည်။
မြို့တော်တိုကျိုတွင် ထိုရောဂါကူးစက်ခံရသူ ၄၄၃၃ ဦးရှိကြောင်းနှင့် ကူးစက်မှုအရေအတွက်လျော့နည်းလာသည်မှာ ငါးရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း သိရသည်။
မြို့တော်တွင် ယင်းရောဂါဖြင့်သေဆုံးသူဦးရေ ၃၀ ရှိသည်ဟု ထိုဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို