ဇန်နဝါရီ ၁၇
ထိုင်းနိုင်ငံအလယ်ပိုင်း ဆာမတ်ဆောင်ခမ်ပြည်နယ်တွင် ယနေ့မနက်ပိုင်းက ရေနံတင်သင်္ဘောတစ်စင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူအများအပြားဒဏ်ရာရရှိခဲ့သည်ဟု ဒေသန္တရမီဒီယာက ဖော်ပြထားသည်။
ထိုသင်္ဘောသည် မြောင်ခရိုင်ရှိ မဲခေါင်မြစ်ပေါ်ရှိ သင်္ဘောကျင်းတစ်ခုတွင် ဆိုက်ကပ်ထားချိန် ဒေသစံတော်ချိန် မနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် များစွာသောအလုပ်သမားများပျောက်ဆုံးနေပြီး နေအိမ်များစွာ ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။
ကယ်ဆယ်ရေးသမားများက ထိုမီးလောင်မှုကို ထိန်းချုပ်ရန်နှင့် ဒဏ်ရာရသူများကို ဘေးကင်ရာသို့ပို့ဆောင်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို