နေပြည်တော် ဇန်နဝါရီ ၁၇

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင်  ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့သည်။

အဆိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချ ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် အားကစား ကွင်း၌ ဒေသခံပြည်သူများ စုပေါင်း၍  ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံ အပေါ်တစ်ဖက်သတ် ဆုံးဖြတ်ချက်များအား ဆန့်ကျင်ရှုတ်ချပါသည်၊ အမေရိကန်ကမ္ဘာ့ချီးထုပ် ဝင်မရှုပ်နဲ့၊ ပြည်တွင်းရေးရာ ဝင်ရောက် စွတ်ဖက် နှောင့်ယှက်နေသော ပြည်ပနိုင်ငံများအား (အလိုမရှိ)၊ အကြမ်းဖက် အားပေး ပြည်ပ နိုင်ငံများအား (အလိုမရှိ)၊ အကြမ်းဖက် NUG PDF (အလိုမရှိ)၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တစ်ဖက်သတ် ဆုံးဖြတ် ချက်များအား (ဆန့်ကျင်ကြ)၊ မြန်မာ့အရေးကို မြန်မာနိုင်ငံကသာ ဖြေရှင်းရေး (ဒို့အရေး)၊ အပြစ်မဲ့ ပြည်သူများအား အကြမ်းဖက်သတ်ဖြတ် နေသည်များအား (ချက်ချင်းရပ်)၊ ကုလသမဂ္ဂသည် နိုင်ငံတကာ အစိုးရမဟုတ်ပါ၊ မြန်မာ့အရေးသည် နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်မှု မဟုတ်ပါ၊ UNSC ၏ မြန်မာနိုင်ငံ ဆုံးဖြတ်ချက်အ‌ပေါ် ကန့်ကွက်ပါသည်၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသည့်အကြံ ဒို့လက်မခံ စသည့် ကြွေးကြော်သံများ ကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဇွဲကပင် အားကစားကွင်းမှ မဲဘောင်မီးပွိုင့် လမ်းဆုံ၊ နာရီစင်၊ BOC ကွေ့၊ ကမ်းနားလမ်း၊ ကူးဆိပ်လမ်း၊ မဲဘောင် ဘုန်းကြီး ကျောင်းလမ်းမှ  နာရီစင်အထိ လူအင်အား (၁၈၀၀) ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်းသိရသည်။ 

သတင်းစဉ်