ဇန်နဝါရီ ၁၈

အမေရိကန်နိုင်ငံတွင် ယခုသီတင်းပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့်ကလေးသူငယ်ဦးရေ ၂၆၀၀၀ ခန့်ရှိသည်ဟု အမေရိကန်ကလေးသူငယ်ဆိုင်ရာဆေးပညာအကယ်ဒမီနှင့် ကလေးဆေးရုံအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါရောဂါကူးစက်မှုအရေအတွက်သည် ပြီးခဲ့သည့်သီတင်းပတ်ကူးစက်မှုအောက်လျော့နည်းခဲ့ခြင်းဖြစ်သော်လည်း  ၂၀၂၃ ခုနှစ်နှင့်အားလပ်ရက်များအတွင်း ကူးစက်မှုများပြားလာနိုင်သည်ဟု ဖော်ပြထားသည်။

ထိုရောဂါကူးစက်မှုဖြစ်ပွားချိန်မှစတင်ကာ နိုင်ငံအတွင်း ရောဂါကူးစက်ခံရသည့်ကလေးငယ်ပေါင်း ၁၅ ဒသမ ၃ သန်း နီးပါးရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်လေးပတ်အတွင်း  ယင်းရောဂါကူးစက်ခံရသူပေါင်း ၁၄၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

အားလပ်ရက်ကာလများအတွင်း ကလေးသူငယ်များအကြား ရောဂါကူးစက်မှုသည် ပိုမိုများပြားလာဖွယ်ရှိသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို