ဇန်နဝါရီ ၁၈
မက္ကဆီကိုနိုင်ငံတွင် သီတင်းပတ် ၁၂ ပတ်ဆက်တိုက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုမြင့်တက်လာပြီး ယင်းရောဂါဖြင့် သေဆုံးမှုနှင့်ဆေးရုံတက်ကုသခံယူမှုတို့အနည်းငယ်မြင့်တက်လာကြောင်းကာကွယ်ရေးနှင့် ကျန်းမာရေးမြှင့်တင်ရေးဌာန အကြီးအကဲ လိုပက်ဇ်ဂါတဲလ်က ယမန်နေ့က ပြောကြားသည်။
အဆိုပါရောဂါကူးစက်မှုအရေအတွက်နှင့် ယင်းရောဂါဖြင့် သေဆုံးမှုအရေအတွက်တို့အကြားတွင် ကြီးမားသောခြားနားမှု တစ်ခုရှိသည်ဟု ၎င်းကဆိုသည်။
ထိုရောဂါကာကွယ်ဆေးထိုးနှံမှုသည် ရောဂါကူးစက်မှုပြင်းထန်ခြင်းကိုလျော့ပါးစေပြီး ယေဘုယျအားဖြင့် ဆေးရုံတက်ကုသခံယူသူ ၈ ရာခိုင်နှုန်းရှိကြောင်းနှင့် အသက်ရှုအထောက်အကူပြုကိရိယာအသုံးပြုရသူ ၃ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းတွင် ခြောက်ကြိမ်မြောက်ကူးစက်မှုလှိုင်းနှင့်တွေ့ကြုံနေရပြီး နိုင်ငံ့လူဦးရေ၏ ၈၄ ရာခိုင်နှုန်းသည် ထိုရောဂါကာကွယ်ဆေးထိုးနှံမှုခံယူပြီးဖြစ်သည်ဟု နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
မက္ကဆီကိုနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်မှုခံရသူပေါင်း ၇၃၁၄၈၉၁ ဦးရှိပြီး ယင်းရောဂါဖြင့်သေဆုံးသူပေါင်း ၃၃၁၅၉၅ ဦးရှိကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို