ဇန်နဝါရီ  ၁၉

အင်ဒိုနီးရှားနိုင်ငံတွင် ဂျပန်နိုင်ငံသို့ အလုပ်သမားများပိုမိုပို့လွှတ်ရန် သက်မွေးမှုပညာသင်ကြားပေးသည့်ကျောင်းကို မြို့တော်ဂျကာကာတွင် ဂျပန်ကုမ္ပဏီတစ်ခုက ဖွင့်လှစ်ခဲ့သည်။

အဆိုပါဖွင့်ပွဲကို နှစ်နိုင်ငံမှ အစိုးရဘက်တာဝန်ရှိသူများ တက်ရောက်ကြောင်း ဖော်ပြထားသည်။

ထိုသင်တန်းကျောင်းတွင် ဂျပန်ဘာသာစကား၊ သူနာပြုအတတ်ပညာနှင့် အခြားသော သက်မွေးမှုပညာများကို သင်ကြားသွားမည်ဟု သိရသည်။

ယင်းကုမ္ပဏီအနေဖြင့် နှစ်စဉ် ကျောင်းသားဦးရေ  ၆၀၀ နီးပါး လက်ခံရန် ရည်မှန်းထားသည်။

ဂျပန်နိုင်ငံသည် လုပ်သားရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းရန် ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် ကျွမ်းကျင်မှုရှိသော နိုင်ငံခြားသားအလုပ်သမားများကို လက်ခံထားသည်။

ထိုကာလအတွင်း အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်မှုနှင့် ကြိုးစားရုန်းကန်နေရသည်။

အင်ဒိုနီးရှားနိုင်ငံ၏လူဦးရေသည် ကမ္ဘာနိုင်ငံများတွင် စတုတ္ထမြောက်အများဆုံးဖြစ်ပြီး လူဦးရေ သန်း ၂၇၀ ကျော်ရှိသည်ဟု သိရသည်။

 နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းနီးပါးသည် အလုပ်သမားများဖြစ်ပြီး အသက် ၁၅ နှစ်မှ ၆၄ နှစ်ကြားရှိ အရွယ်များဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို