ညောင်ဦး ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းအချိန်ထိ ၆၄၀၇၄၅ ဦးထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ်နေရာများတွင် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေး လျှက်ရှိရာ ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု ၆၄၀၇၄၅ ဦး ထိုးပေးနိုင်ခဲ့ပြီး ရာနှုန်းပြည့်ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထပ်ဆောင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၅၂၀၀၀ ရှိပြီဖြစ်ကြောင်းနှင့် ဆက်လက်ထိုးပေးနိုင်ရေး အတွက်လည်းဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ထို့ပြင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်း ကျောင်းသား ကျောင်းသူ ၃၅၀၀ ကိုလည်း တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးနိုင်ခဲ့ပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ဒီပါလင်း