ပင်းတယ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ကျေးလက်နေ မိဘပြည်သူများ စိုက်ပျိုးရေးကဏ္ဍတွင် နည်းပညာများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် တောင်ရှည်ကျေးရွာအုပ်စုလယ်ပြင်(နေကြာ-ဆီထွက်သီးနှံ)ကျေးရွာတွင် ယနေ့နံနက်ပိုင်းက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု "စိုက်ပျိုးရေးသင်တန်း"ဆင်းပွဲကို လယ်ပြင်ကျေးရွာ စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။
အဆိုပါသင်တန်းအား ဇန်နဝါရီ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း ၂၀ တက်ရောက်လေ့လာသင်ယူခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)