နေပြည်တော် ဇန်နဝါရီ ၂၀
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင်မှ ဒေသဆိုင်ရာ အချက်အလက် များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဥတ္တရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က နေပြည်တော်တွင် Green City၊ Clean City၊ Smart Cityကို ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အထွက်တိုးအောင် စနစ်တကျစိုက်ပျိုး စေလိုကြောင်း၊ MSME နှင့်ပတ်သက်၍ လက်ရှိလုပ်ငန်းများထက် တိုးတက်အောင် ဆောင်ရွက်စေလို ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နေပြည်တော် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျဖြင့် အချိန်မီပြီးစီးရေး စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက် စေလိုကြောင်း၊ မြို့တော်သန့်ရှင်း သာယာလှပရေးကို အားလုံး က အလေးထားဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးနှင့် ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးတို့က ဒေသဆိုင်ရာ အချက် အလက်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားသည်။ ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ က ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးခြောက်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက လက်ခံရ ယူသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရုံးပတ်ဝန်းကျင်အတွင်း သန့်ရှင်းသာယာ ရေး ဆောင်ရွက် ထားမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည် များကို မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်ရှိ တင်းဝါးရေလှောင် တမံသို့ ရောက်ရှိကာ ရေလှောင်တမံအား လှည့်လည် ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိ မြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဒေသဆိုင်ရာ အချက်အလက်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ဝန်ထမ်းများ အတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးခြောက်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လက်ခံရယူကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပုဗ္ဗသီရိမြို့နယ် သမဝါယမရုံးနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဇေယျာသီရိမြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးများကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ မြို့မဈေး၌ ဈေးအဆောက်အဦများ ကြံခိုင်မှု၊ ပြည်သူများ ဈေးရောင်းချဝယ်ယူမှု ၊ ဈေးများအတွင်းသန့်ရှင်းသာယာလှပရေးနှင့် သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်မှု များကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်ရှိ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက ဆေးရုံ၏ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍လိုအပ်သည်များ မှာကြားခဲ့ပြီး ဆေးရုံဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးခြောက်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)