နေပြည်တော် ဇန်နဝါရီ ၂၀
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ထိုင်ကြည့်စစ်ကြောင်း၊ ဂုဏ်ပြု ယာဉ်နှင့် ပြခန်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများ ဂုဏ်ပြုခြင်း အခမ်း အနား ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရဲရွာ ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ နှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ယနေ့ကျင်းပသည့်အခမ်းအနားသည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနားတွင် ဝန်ကြီးဌာန ကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများကို ဂုဏ်ပြုသည့်အခမ်းအနားဖြစ်ပါကြောင်း၊ (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့သည် ကြုံတောင့်ကြုံခဲ နေ့ထူးနေ့မြတ်ဖြစ်ပြီး ဂုဏ်ပြု အခမ်းအနား၌ ပါဝင်ဆောင်ရွက်နိုင်ခဲ့သည့် အတွက် မိမိတို့ဘဝတစ်သက်တာအတွက်လည်း ဂုဏ်ယူဖွယ်ရာအဖြစ် ကျန်ရစ်နေမည်ဖြစ် ပါကြောင်း၊ ယခုကဲ့သို့ မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ် အခမ်းအနားတွင် စည်ကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင် ဖြစ်မြောက်စေရေးအတွက် တာဝန်ကျရာအခန်းကဏ္ဍအသီးသီးမှ တက်တက် ကြွကြွဖြင့် ပါဝင်ဆောင်ရွက်နိုင်မှုကြောင့် မိမိတို့ဝန်ကြီးဌာန၏ပုံရိပ်ကို များစွာမြှင့်တင်ပေးနိုင် ခဲ့သည့်အတွက် မိမိအနေဖြင့် အသိ အမှတ် ပြုဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ဂုဏ်ပြု အခမ်းအနား အောင်မြင်အောင် ဆောင်ရွက်နိုင်စေရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်း ကူညီပံ့ပိုးပေးခဲ့သည့် ဝန်ထမ်း များ ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့ကျရာ အခန်းကဏ္ဍမှ ပေးအပ်သောတာဝန်များကို ကျေပြွန်စွာဖြင့် နိုင်ငံတော်နှင့် ဝန်ကြီးဌာနအပေါ် သစ္စာရှိစွာ အားလုံးတက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးစား ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ် ပြုအခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲတွင် ပါဝင်ခဲ့ သောဝန်ထမ်းများကိုယ်စား သက်ဆိုင်ရာအဖွဲ့ခေါင်းဆောင်သို့ ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ ဒုတိယဝန်ကြီး က ထိုင်ကြည့်စစ်ကြောင်း၊ ဂုဏ်ပြုယာဉ်နှင့် ပြခန်းတို့တွင် ပါဝင် ဆောင်ရွက်ခဲ့သော ဝန်ထမ်းများကိုယ်စား သက်ဆိုင်ရာအဖွဲ့ခေါင်းဆောင်များသို့ ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများက ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှု တ်ဆက်၍ ဂုဏ်ပြုနေ့လည်စာကို ပျော်ရွှင်စွာအတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)