နေပြည်တော် ဇန်နဝါရီ ၂၁

ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိန်ဝင်း ခေါင်းဆောင်၍ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင်  ပြည်ထောင်စုနယ်မြေနေပြည်တော် မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဗလသိဒ္ဓိ ရပ်ကွက်၊ ဉာဏသိဒ္ဓိရပ်ကွက်နှင့် ပညာသိဒ္ဓိရပ်ကွက်များရှိ  ကျန်းမာရေးဝန်ကြီးဌာန အရာ ထမ်း၊ အမှုထမ်းများနေထိုင်သော အိမ်ထောင်သည်အိမ်ရာများ၊ အပျိုဆောင်/လူပျိုဆောင် များသို့ ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ မြေလွတ်မြေရိုင်းများ၌  သီးပင်စားပင်များ၊ အရိပ်ရပင်များ စိုက်ပျိုးရေး၊ ခြုံနွယ်နှင့်အမှိုက်များ ရှင်းလင်းထားရှိရေးနှင့် လုံခြုံရေးသတိ၊ လုံခြုံရေးအသိဖြင့် အထူးသတိပြု ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်