မောင်တော ၁၂ ဖေဖော်ဝါရီ
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံံဝန်း လယ်ကွင်းတွင် မီးလောင်မှုဖြစ်ပွားနေကြောင်း ယနေ့ မွန်းလွဲ ၁ နာရီက ပြည်သူတစ်ဦး ဖုန်းသတင်းပေးပို့မှုအရ မောင်တောခရိုင် မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်ဖြင့် ခရိုင်မီးသတ် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်စင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မောင်တောမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်ဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် (၂)စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီခွဲတွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ လယ်ကွင်းအတွင်းသို့ ဆေးရုံလူနာစောင့်တစ်ဦး၏ ဆေးလိပ်မီးပေါ့ဆစွာ စွန့်ပစ်ခဲ့ရာမှတစ်ဆင့် ရိုးပြတ်များ မီးစတင်လောင်ကျွမ်းကာ ခန့်မှန်း (၁)ဧကခန့် မီးလောင်ကျွမ်းခဲ့ကြောင်း၊ လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)