နေပြည်တော် ဇန်နဝါရီ ၂၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၉ ရက် ည ၇နာရီတွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာရှိ မတင်တင်အောင် ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ငွေကျပ်သိန်း ၂,၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇၀,၀၀၀ ကိုလည်းကောင်း။ ထိုနေ့ နံနက် ၆ နာရီတွင် မြောက်ဉက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အမရာလမ်း တွင် သန့်ဇင်ဖြိုး(ခ)ဝတုတ် မောင်းနှင်ပြီး သန်းရွှေ(ခ)စိုးနိုင် လိုက်ပါလာသည့် TOYOTA ALPHARD အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၅၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး နံနက် ၈နာရီတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၄၆) ရပ်ကွက်ရှိ သန့်ဇင်ဖြိုး(ခ)ဝတုတ် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ထပ်မံသိမ်း ဆည်းရမိခဲ့ပြီး စုစုပေါင်း ငွေကျပ်သိန်း ၃,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားကို လည်းကောင်း။ ကွင်းဆက်အရ မွန်းလွဲ ၂နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ လေးထောင့်ကန်လမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချခိုင်းသူ ကျော်ဝင်းထွန်း ကို ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား