ပေါက်ခေါင်း  ဇန်နဝါရီ   ၂၃

 

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ကျန်းမာရေးဦးစီးဌာနက လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းကလည်း ပြည်သူ့ဆေးရုံကြီး သံဃာဆောင်၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ ECG စက်ဖြင့် နှလုံးခုန်နှုန်း စစ်ဆေးပေးခြင်းနှင့် ရောဂါရှာဖွေခြင်းအထွေထွေရောဂါများ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ရောဂါတွေ့ရှိမှုအပေါ်ဆေးဝါးများကို တစ်လစာ အခမဲ့ပေးအပ်သည်။

 

ပေါက်ခေါင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၁၄၆၀)ဦးရှိပြီး အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းလုပ်ငန်းများကို လစဉ်ပင်စင်ထုတ်ပေးသည့်ရက်တွင် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သန်းထွန်းအောင်(ပြန်/ဆက်)