မြို့သစ် ဇန်နဝါရီ ၂၄

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အိမ်ခြံမြေအကျိုးဆောင်များ မှတ်ပုံတင်ရေးဆိုင်ရာ ကော်မတီဖွဲ့စည်းခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းကို  ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က မြို့နယ်အဆင့် အိမ်ခြံမြေအကျိုးဆောင်များ မှတ်ပုံတင်ရေးအတွက် ကော်မတီဖွဲ့စည်းထားရှိမှု၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၏ ရည်ရွယ်ချက်၊ အဓိပ္ပာယ်နှင့် အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်လိုသူများအနေဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ပြီး မှတ်ပုံတင်ပြီးမှသာ အိမ်ခြံမြေရောင်းဝယ်ရေးအတွက် အကျိုးဆောင်လုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးကျော်လွင်က အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းနှင့် ပတ်သက်၍ ဒေသခံပြည်သူများသိသင့်သည့် မြေအရောင်းအဝယ်ဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဝင်းအိဇွန် ( ပြန်/ဆက်)