ကျောက်မဲ ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက် ပင်လုံလမ်းနှင့် မြောက်ကုန်းလမ်း(၁) ထောင့်အနီးရှိ ရှင်းရှင်းကုန်စုံဆိုင်ရှေ့တွင်ထားရှိသည့် ဆီပန့်ငယ်တွင် ယနေ့နံနက် ၁၁ နာရီခန့်တွင် ကားတစ်စီးအား ဓာတ်ဆီဖြည့်ပေးနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးမှူးဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကားများဖြင့် အချိန်မီ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၈ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဆီပန့်တစ်ခု မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး အခြားထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)