မြို့သစ် ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသားကျောင်း သူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၁၉ ရက်မှစတင်၍ ကျောင်းများအလိုက် ထိုးနှံပေးလျက်ရှိရာ ယခုအခါ မြို့နယ်အတွင်း ကျောင်းသားကျောင်းသူအားလုံး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ထပ်ဆောင်ကာကွယ်ဆေး(Booster) ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများအလိုက် စုရပ်များပြုလုပ်၍ ထိုးနှံပေးရာ အခြေခံပညာကျောင်းပေါင်း (၁၉၀)ရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသားကျောင်းသူ(၁၈၇၅၀)အား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။
ဝင်းအိဇွန် ( ပြန်/ဆက်)