နတ်မောက်  ဇန်နဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်၍ ဒေသအတွင်း ဝမ်းစာဖူလုံရေးအတွက် နွေစပါးဧက(၉၀၀) စိုက်ပျိုးရန်လျာထားလျက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာန တာဝန် ရှိသူထံက သိရသည်။

နတ်မောက်မြို့နယ်အတွင်းရှိ  စိုက်ပျိုးရေးတောင်သူများအတွက် နွေစပါးမျိုးများဖြစ်သည့် မနောသုခ၊ ရတနာတိုးစပါးမျိုးများအပြင် ထိုင်းနှံကောက် (၁၀၅)ရက်စပါးမျိုးများကိုလည်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အနေနဲ့ ဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း၊ နွေစပါးများကို ကျောက်တံခါးဆည်ရေသောက် ဧက(၆၀၀) ၊ နတ်မောက်ရေလှောင်တမံသောက် ဧက(၃၀၀) စိုက်ပျိုးရန်လျာလျက်ရှိကြောင်းနှင့် တစ်ဧကစပါး အထွက် နှုန်း တိုးတက်လာစေရေးအတွက် စိုက်ခင်းများထဲအရောက် စိုက်ပျိုးရေးနည်းပညာများလည်း ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိဒေါ်မြင့်မြင့်ချိုက ပြောသည်။

မြို့နယ် (ပြန်/ဆက်)