စစ်တွေ ဇန်နဝါရီ ၂၆
နေပြည်တော်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင် ပင့်ဆောင်ပူဇော်ချိန်တွင် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်း အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း ဂါထာတော်(မြန်မာပြန်)များနှင့် ဓဇဂ္ဂသုတ်ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်ကပြုလုပ်သည်။
ဦးစွာ အခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာဖွင့်လှစ်ကြပြီး စစ်တွေမြို့၊ ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့တွဲဖက်အတွင်းရေးမှူး ဂန္တဝါစကပဏ္ဍိတ၊ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ မေဃိယထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များက အတွင်းအောင်ခြင်းရှစ်ပါး၊ အပြင်အောင် ခြင်းရှစ်ပါး ဂါထာပါဠိကိုရွတ်ဖတ်ပူဇော်ချီးမြှင့်ကြပြီး ဝတ်ရွတ်အသင်းအဖွဲ့များက အပြင်အောင်ခြင်းရှစ်ပါး မြန်မာပြန်ကို ရွတ်ဖတ်ပူဇော်ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များနှင့် ဝတ်အသင်း အဖွဲ့များက ဓဇဂ္ဂသုတ်ပရိတ်တော်ကို ရွတ်ဖတ်ပူဇော်ကြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)