ကျောက်ဆည် ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေလေလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် သီးနှံမျိုးစုံ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ရေပေးရာတွင် အားနည်းချက်များ ရှိသည့် မြောင်းများ၊ ပြွန်များနှင့် ရေကျအဆောက်အအုံများကို ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် မြေဧက(၃၀၀)ခန့်တွင် သီးနှံမျိုးစုံ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး နွားတက်ခွဲမြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးကြောင်း သိရသည်။
အဆိုပါ ပြန်လည်ပြုပြင်ပေးခဲ့သော ရေကျအဆောက်အအုံသည် ငပြောင်ဆည် ရေသောက်စနစ်၊ နွားတက်ခွဲမြောင်း၏ မြောင်းအမှတ် အာဒီ(၁၀+၆၂၇)၊ ကုလကျေးရွအနီးတွင်ရှိသော စိုက်ပျိုးရေများ ပေးဝေ နေသည့် (၆)ပေအမြင့် ရေကျအဆောက်အအုံဖြစ်ပြီး လုပ်ငန်များကို တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ (၂၄.၀၀၀)ကျပ်သန်း အကုန်အကျခံကာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူကာ ရေကျ အဆောက်အအုံ၏ အထက်ပိုင်းနှင့် အောက်ပိုင်း ကြမ်းခင်းများ ပြန်လည်ပြုပြင်ခြင်းနှင့် မြောင်းဘောင်များ ကျောက်ဆလံစီခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ရေကျအဆောက်အအုံ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့သဖြင့် ငပြောင်ဆည် ရေသောက်စနစ်၊ နွားတက်ခွဲမြောင်းမှ သီးနှံမျိုးစုံ ဧက(၄၅၀) အတွက် သီးနှံမျိုးစုံစိုက်ပျိုးရေများပေးဝေရာတွင် မြောင်းအဆုံး မြောင်း အဖျားအထိ ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါးစွာ သီးနှံများအောင်မြင်သည်အထိ လိုအပ်သည့်ရေပမာဏ ပြည့်sဝစွာပေးဝေ နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)