ဖြူး ဇန်နဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြော ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊ အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက စတင်ကာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိမာဟိန်း က(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊ အားကစားပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပေးဟောပြောသည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲကိုကျင်းပရာ  ဖြူးမြို့ပေါ်ရှိ တပ်တွင်းအခြေခံ ပညာအလယ်တန်းကျောင်းခွဲရှိ ကျောင်းသား/ကျောင်းသူ(၂၀)ဦးက “ပြည်ထောင်စုနေ့ ဒို့မမေ့”ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပထမဆု၊ ဒုတိယဆုနှင့်တတိယဆု ရရှိသူများအား ဖြူးမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက  ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုလက်ဆောင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာကြသော  ကျောင်းသား/ ကျောင်းသူများက ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ရသ စာအုပ်/ စာစောင်များကို လေ့လာဖတ်မှတ်ခြင်း၊ အသိပညာပေး နံရံကပ်ပြဘုတ်များကို လေ့လာကြည့်ရှုခဲ့ကြပြီး  စည်လုံးညီညွတ်ခြင်းကို ကိုယ်စားပြုသည့် ပူဖောင်းတာဝါဆောက် ပြိုင်ပွဲကို အဖွဲ့ခွဲ၍  ယှဉ်ပြိုင်ခဲ့ကြရာ     မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)