မိုင်းရှူး ဇန်နဝါရီ  ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ ပန်စွဲကျေးရွာအုပ်စုအတွင်းရှိ သဖန်းပင်တောရ ကျောင်းတိုက်တွင် တည်ထားကိုးကွယ်သော အောင်တော်မူပတ္တမြားစေတီတော်ကို ထုံး၊သင်္ကန်း ကပ်လှူ ပူဇော်ခြင်း၊ ကျောင်း၀န်းအတွင်းနှင့် ကျောင်းဆောင်များ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ယနေ့နံနက်(၈)နာရီက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်မှုကို ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)