နေပြည်တော် ဇန်နဝါရီ ၂၆ 
    
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်ရှိ ရွှေအင်းရိပ်သာကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ အုတ်ကန်တောရကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ မြို့မယဉ်ငေးသာသနာ့ရိပ်သာကျောင်းတိုက် ၊ မွန်ပြည် နယ်၊ မော်လမြိုင်မြို့နယ်ရှိ ပဏ္ဍိတာရုံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ သဒ္ဓမ္မဇောတိကာရုံကျောင်းတိုက်၊ ဒေါပုံမြို့နယ်ရှိ ပြဿဒ်ကျောင်းတိုက်နှင့် မြောက်ဥက္ကလာ ပမြို့နယ်ရှိ ခေမာသီဝံကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသ ကြီး၊ ပြည်ကြီးတံခွန် မြို့နယ်ရှိ မူလသစ်ဆိမ့် ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ သစ်ဆိမ့် ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေ မြို့နယ်ရှိ တန်ခိုးပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အသောကသီတဂူကျောင်းတိုက်၊ ရှမ်းပြည်နယ်၊တောင်ကြီးမြို့နယ်ရှိ ကုန်းသာ မြို့မကျောင်း တိုက်နှင့် လားရှိုး မြို့နယ်ရှိ မဟာဝိဇိတာရာမကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူ ဒါန်းခဲ့ကြကြောင်း သိရသည်။ 

(သတင်းစဉ်)