တောင်ကြီး၊ ဇန်နဝါရီ ၂၆ 
    
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ  ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ က အမှာ စကားပြောကြားသည်။
    
ဆက်လက်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊  ဒုတိယပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းဝင်းက ဓာတ်အားဖြန့်ဖြူးပေးထားမှုနှင့် စပ်လျဉ်း၍ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြည်နယ် အတွင်းပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များကို အကျိုးရှိရှိ ထုတ်ယူသုံးစွဲနိုင်ရေး အလေထားဆောင်ရွက်ရန်၊ အသေးစားရေအား လျှပ်စစ်(Mini/Micro Hydropower)နှင့် ဆိုလာစနစ်(Solar PV Mini-grid) များ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ လုံခြုံရေး အသိ၊သတိဖြင့် လုပ်ငန်းများဆောင်ရွက်ကြရန်နှင့် ဓာတ်အားပျောက်ဆုံးမှုများ (Line Losses)နှင့် ဓာတ်အားလိုင်းအပြစ်(Line Fault)များ လျော့နည်းကျဆင်းစေရေး စီမံချက်အတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများ အထက်အောက် မိသားစုသဖွယ် ရင်းနှီးပွင်းလင်းစွာပြောဆိုဆက်ဆံ၍ ကျန်းမာပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို ဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။
    
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဝန်ထမ်းများ၏ အခက်အခဲတင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး သစ်သီးခြင်းနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သိရသည်။ 

(သတင်းစဉ်)