လန်ဒန် ၁၂ ဖေဖော်ဝါရီ
ဒုတိယ အဲလိဇဘက်ဘုရင်မကြီး၏ ကြင်ယာတော် မင်းသားကြီး ဖိလစ်ကားတိုက်မှု ဖြစ်ပွားပြီးနောက် မီဒီယာများက ၎င်းကို ပြင်းပြင်းထန်ထန် ဝေဖန်မှုများပြုလုပ်ခဲ့သည့်အပေါ် ချက်ချင်းတောင်းပန်မှုများ ပြုလုပ်လိုက်သလို နောက်နောင်မည်သည့်အခါမှ ကားမမောင်းတော့ဟုဆိုကာ ယာဉ်မောင်းလိုင်စင်ပါ စွန့်လွှတ်လိုက်ကြောင်း သိရသည်။
ဖိလစ်သည် ကားတိုက်မှုဖြစ်ပြီးနောက် လွန်ခဲ့သည့် နှစ်ရက်က ယာဉ်မောင်းလိုင်စင်ကို စွန့်လွှတ်လိုက်ခြင်းဖြစ်သည်။
အသက် ၉၇ နှစ်ရှိပြီဖြစ်သည့် ဖိလစ်သည် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် သတင်းမီဒီယာများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရကြောင်းလည်း သိရသည်။
လွန်ခဲ့သည့်လက ၎င်း၏ လင့်ဒ်ရိုဗာ ကားမှောက်ပြီးနောက် ၎င်း၏ လိုင်စင်ကို စွန့်လွှတ်ရန် မင်းသားဖိလစ်ကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဘက်ကင်ဟမ်နန်းတော်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မင်းသားဖိလစ်၏ကားသည် လွန်ခဲ့သည့်လက ကီယာ ကားသေးလေးတစ်စီးနှင့် မတော်တဆတိုက်မိသွားပြီးနောက် ၎င်းသည် ထိတ်လန့်တကြားဖြစ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိခဲ့ကြောင်း မျက်မြင်သက်သေတစ်ယောက်က ပြောကြားသည်။
သို့သော် ကီယာကားသေးထဲတွင် လိုက်ပါမောင်းနှင်လာ သူအမျိုးသမီးမှာ လက်ကောက်ဝတ်ကျိုးသွားကြောင်းနှင့် နောက်တစ်ဦးမှာ အနည်းငယ် ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း၊ သို့သော်လည်း ကီယာကားနောက်ခန်းရှိ ကိုးလသား ကလေးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အတွက် မင်းသားဖိလစ်ကို အာရုံစိုက် အပြစ်တင်နေသော မီဒီယာ အသိုင်းအဝိုင်းကိုလည်း ၎င်းက တောင်းပန်လိုက်ကြောင်း သိရသည်။
အေအက်ဖ်ပီ