မတ်စကတ် ၁၃ ဖေဖော်ဝါရီ
ဆီးရီးယားနိုင်ငံအရှေ့ပိုင်းတွင် အင်္ဂါနေ့က အမေရိကန်ဦးဆောင်သည့် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၇၀ သေဆုံးခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့သည်။
ဒုက္ခသည်စခန်းကို ပစ်မှတ်ထား
လေကြောင်းတိုက်ခိုက်မှုသည် ဒါအယ်လ်ဇွာ အရှေ့ပိုင်းအစွန်အဖျားရှိ အိုးအိမ်မဲ့ ပြည်သူများအတွက် ပြုလုပ်ထားသည့် ဒုက္ခသည်စခန်းတစ်ခုကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မကြာသေးမီက ယူဖရေးမြစ်အရှေ့ပိုင်းဒေသရှိ အိုင်အက်စ် စစ်သွေးကြွများ ထိန်းချုပ်ထားသည့် ဧရိယာများတွင် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။
ထိုးစစ်ဆင်
ဒါအယ်လ်ဇွာ အရှေ့ပိုင်းအစွန်အဖျားရှိ Baghouz မြို့မှ အရပ်သား ပြည်သူ ၂၀ဝ၀ဝ ကျော်ကို ကယ်ဆယ်ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် ဆီးရီးယား ကာကွယ်ရေးတပ်ဖွဲ့က လက်ကျန် အိုင်အက်စ်ထိန်းချုပ်နေရာများကို စနေနေ့ညက ထိုးစစ်ဆင်မှုများ စတင်ခဲ့သည်။
ဆင်ဟွာ