မြို့မစျေးကြီးအတွင်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်အသိပညာပေး

ကျိုက်လတ် ဇန်နဝါရီ  ၂၉

 ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ မြို့နယ်အတွင်းရှိ ဈေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး     ၌ ဈေးအတွင်းအပြင် ဈေးရောင်းဈေးဝယ် ပြည်သူများအား အသိပညာပေးမှုကို တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
  
အဆိုပါ အသိပညာပေးခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်း၍ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ အနေဖြင့် အသားငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသုံးအဆောင် ပစ္စည်းများအား ပလတ်စတစ်အိတ်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ စက္ကူများ၊ ချိုင့်များ၊ လက်ဆွဲခြင်းများ စသည့် ပစ္စည်းများဖြင့် အစားထိုး သုံးစွဲကြစေရန် အသိပညာပေးမှုများအား လိုက်နာဆောင်ရွက်မှုရှိ/မရှိကို ကြည့်ရှု စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ကျိုက်လတ်(ပြန်/ဆက်)