ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၄၇၂၉ ဦး ထပ်မံတွေ့ရှိ

ဇန်နဝါရီ ၃၀

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၄၇၂၉ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၂၅၁ ဦး သေဆုံးကြောင်း ထိုဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။

မြို့တော်တိုကျိုတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၂၇ ဦး ရှိကြောင်း ဖော်ပြထားသည်။

ထိုကူးစက်မှုအရေအတွက်ကျဆင်းလာသည်မှာ ၁၂ ရက်ဆက်တိုက်ရှိပြီဟု သိရသည်။

မြို့တော်တွင် ယင်းရောဂါဖြင့် ၂၅ ဦး သေဆုံးခဲ့ကြောင်းကိုလည်း ထိုဝန်ကြီးဌာနက အတည်ပြုထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို