ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နှင့် ခန္တီးမြို့တို့ရှိ အားကစားကွင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၃၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပသည့် ရွှေပြည်သာ အားကစားကွင်းသို့ရောက်ရှိပြီး ဘက်စုံ အသုံးပြုနိုင်သည့် မီတာ (၄၀၀) (Synthetic)ပြေးလမ်းပါ ဘက်စုံသုံးအားကစားကွင်းအဖြစ် အဆင့် မြှင့်တင်တည်ဆောက်ရန်အတွက် မြေနေရာတိုင်းတာခြင်းလုပ်ငန်းများကို လိုက်လံကြည့်ရှု စစ်ဆေး ၍ လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားပြီး လဟယ်မြို့နယ် အားကစားဖွံ့ဖြိုး တိုးတက် ရေးအတွက် အားကစားအထောက်အကူပြုပစ္စည်းများကို နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးသို့ ထောက်ပံ့ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခန္တီးမြို့သို့ရောက်ရှိခဲ့ပြီး ခန္တီးမြို့မြို့နယ် အားကစားခန်းမနှင့် အားကစားကွင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး၍ အားကစားကွင်း အားက စားရုံ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ Inter Fence ကာရန်ခြင်းနှင့် Score Board ပြုပြင်ခြင်းများ အပါအဝင် လတ်တလောဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ခန္တီးခရိုင် အားကစားနှင့်လူငယ်ရေး ရာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံကာ အဖွဲ့အစည်းဖြင့်လုပ်ဆောင်ရသည့် လုပ်ငန်းဖြစ်သည့် အတွက် စည်းစည်းလုံးလုံးနှင့် မိသားစုစိတ်ဓာတ်ထားရှိပြီး တစ်ဦးနှင့်တစ်ဦး အထက်အောက် အပြန် အလှန် လေးလေးစားစား ပြောဆိုဆက်ဆံ၍ ကူညီဖေးမဆောင်ရွက်လုပ်ကိုင်ကြရန်လိုကြောင်း၊ ဝန်ထမ်းများတွင် အခက်အခဲများနှင့် အခြားလို အပ်သည် များရှိပါက တာဝန်ရှိသူများမှတဆင့် အချိန် မရွေးတင်ပြနိုင်ပြီး မိမိအနေဖြင့် အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်