ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊  ၂ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း   ၁၃   ရက်
( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂   ရက်)
၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊  တရားဥပဒေစိုးမိုးရေးနှင့်  နယ်မြေအေးချမ်း သာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး အား အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အောက်ပါ မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law)  အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်-
    (က)    ဂန့်ဂေါမြို့နယ်
    ( ခ )    ထီးလင်းမြို့နယ်
    ( ဂ )    ဆောမြို့နယ်
    (ဃ)    ပေါက်မြို့နယ်
    ( င )    မြိုင်မြို့နယ်
၂။    တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်အပေါ် မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊  စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးနိုင်သည်။
    
                                                                         အမိန့်အရ
    အောင်လင်းဒွေး
    ဒုတိယဗိုလ်ချုပ်ကြီး
    အတွင်းရေးမှူး
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ