အောင်လံ ၁၃  ဖေဖော်ဝါရီ 


အောင်လံမြို့နယ် ပြလို့ရဲကင်းစခန်း၏ အရှေ့မြောက်ဘက် (၆)မိုင်ခွဲခန့်အကွာ လက်မြောင်ကျေးရွာနှင့် ပြကြီးကျေးရွာ ရွာခြင်းဆက်လမ်းတွင် ဖေဖော်ဝါရီ (၁၂)ရက် မွန်းလွဲပိုင်းက ယာဉ်တိမ်းမှောက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။


လက်ပန်တုန်းကျေးရွာနေ ယာဉ်မောင်း ဦးဝင်းရွှေ မောင်းနှင်လာသော YGM 1H/…. DYNA  မော်တော်ယာဉ်သည် ခရီးသည် ၄၀ တင်ဆောင်မောင်းနှင်လာစဉ် ပြကြီးကျေးရွာအနောက်ဘက် တစ်မိုင်ခွဲခန့်အကွာရှိ ကုန်းတက်အရောက် တွင် ဂီယာမနိုင်ဘဲ နောက်ပြန်လိမ့်ကျကာ လမ်း၏အရှေ့မြောက်ဘက် လျှိုထဲသို့ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါလာသော ဦးဝင်းလှိုင် (၅၀)နှစ် လက်ပန်တုန်းကျေးရွာနေသူ သည် နဖူးတွင်သုံးလက်မခန့် ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ပြလို့တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ်  ရရှိသောဒဏ်ရာဖြင့်သေဆုံးသွားခဲ့သည်။  


ဒဏ်ရာရရှိသော ခရီးသည်(၃၂)ဦးအနက်(၇)အား ပြည်မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် မြို့နယ်ပြည်သူ့ဆေးရုံ တို့သို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယာဉ်မောင်းအား ဒုရင်္ဂဗိုလ်နယ်မြေရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။


သိန်းလွင်(အောင်လံ)