နယူးဒေလီ၊ ဖေဖော်ဝါရီ ၆
အိန္ဒိယနိုင်ငံ တမီးလ်နာဒူပြည်နယ်၌ ဖေဖော်ဝါရီ ၄ ရက်က ပွဲတော် တစ်ခုအတွင်း လူအုပ်တက်နင်းမှုဖြစ်ပွားရာ အမျိုးသမီးလေးဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံရဲများက ပြောသည်။ ပြည်နယ်အတွင်းရှိ တီရူပက်သာခရိုင်၌ လူအုပ်တက်နင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများကို ဒေသခံဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
အဝတ်အစားများပေးဝေမည်ဟူသော အကြောင်းပြချက်ဖြင့် လူ ၆၀၀ မှ ၇၀၀ ကြား စုဝေးခဲ့ပြီး ယင်းအခြေအနေမှ လူအုပ်တက်နင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ခရိုင်ရဲတပ်ဖွဲ့က ပြောသည်။ ဘာသာရေး ပွဲတော်ပြုလုပ်ရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူးထံ ကြိုတင်ခွင့်ပြုချက် ရရှိထားခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဆင်ဟွာ