တရုတ်နိုင်ငံ၌ ယာဉ်မတော်တဆမှုများဖြစ်ပွား၊ ၁၆ ဦးသေဆုံး

ဖေဖော်ဝါရီ ၆

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်တွင် ယာဉ်ငါးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ပြောကြားသည်။

ဟူနန်ဒေသ အဝေးပြေးလမ်းမပေါ်တွင် ဖေဖော်ဝါရီ ၄ ရက် ညနေ ၅ နာရီဝန်းကျင်က ယာဉ်အစီးရေ ၄၉ စီး မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း ဟူနန်ပြည်နယ် အဝေးပြေးလမ်းမယာဉ်ထိန်းရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

အဆိုပါယာဉ်မတော်မှုများကြောင့် လူ ၆၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အနက် ရှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု သိရသည်။

ထိုယာဉ်မတော်တဆမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်းနှင့် ဒဏ်ရာရရှိသူအားလုံးကို ဆေးရုံသ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထိုမတော်တဆမှုနှင့်ပတ်သက်ပြီးကိုင်တွယ်ဆောင်ရွက်ရန် ယင်းဖြစ်ပွားရာနေရာသို့ အဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို