နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ်(၁၂)နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၆

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ်(၁၂)နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၁၃)တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားများကို ယနေ့ နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ် နီလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ 

 

ရှေးဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေးက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးက ပြည်ထောင်စုအဆင့်ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ပြင်ပကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာကြီး၊ ဆရာမကြီးများက ခေါင်းဆောင်များအတွက် လိုအပ်သော ခေါင်းဆောင်မှုဘာသာရပ်၊    ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတို့ကို ၎င်းတို့၏ အတွေ့အကြုံနှင့် ပညာရပ်ပိုင်းဆိုင်ရာရှုထောင့်တို့မှ ပို့ချဆွေးနွေးပေးမည်ဖြစ်၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခွင့်ရသည့် အခိုက်အတန့်တွင် အပြန်အလှန် ဆွေးနွေးလေ့လာကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ်(၁၂)သို့ ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား (၁၄)ဦး၊ သင်တန်းသူ (၃)ဦး၊ စုစုပေါင်း(၁၇)ဦးနှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၁၃)သို့ သင်တန်းသား (၂၃)ဦး၊ သင်တန်းသူ(၁၆)ဦး၊ စုစုပေါင်း (၃၉)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၆ ရက်မှ မတ် ၃၁ ရက်ထိ ရက်သတ္တ(၈)ပတ် ကြာမြင့်မည်ဖြစ်သည်။

 

ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေးသည် တက္ကသိုလ်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံကာ နိုင်ငံ့ဝန်ထမ်းများ၏ စိတ်ဓါတ်ခံယူချက် မြင့်မားရေး၊ စည်းကမ်းပြည့်ဝရေး၊ အရည်အသွေး တိုးတက်မြင့်မားရေးတို့နှင့် စပ်လျဉ်း၍ သြဝါဒစကားပြောကြားပြီး တက္ကသိုလ်အတွင်း လေ့ကျင့်သင်ကြားနေမှု၊ စိုက်ပျိုးထားရှိသည့် နှစ်ရှည်ပင်၊ စျေးကွက်ဝင် နှစ်လတ်ပင်နှင့် ရာသီသီးနှံများ စိုက်ပျိုးထားရှိမှုနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

သတင်းစဉ်