ဇမ္ဗူသီရိမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၆

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း ပညာဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

 

ဦးစွာ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော် တရားမျှတမှုစင်တာမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးက လူငယ်နှင့် ဥပဒေရေးရာအသိပညာပေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အား/ကာဦးစီးအရာရှိ ဒေါ်နှင်းမမဦးက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်‌နီလာစိုးက ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြပြီး ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး ဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေး  နံရံကပ်စာစောင်များကို  ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

 

နီလာ(ပြန်/ဆက်)