မိတ္ထီလာ ဖေဖော်ဝါရီ ၇

 

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲနှင့်  စကားရည်လုပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကားပြောကြားပြီး  ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ မြန်မာစာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာတင်မိမိနိုင်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ကျပန်းစကားပြောပြိုင်ပွဲတွင် ၈ ဦးနှင့် စကားရည်လုပြိုင်ပွဲတွင် ၁၆ ဦး စုစုပေါင်းပြိုင်ပွဲဝင် ကျောင်းသူကျောင်းသား ၂၄ ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ပါမောက္ခချုပ်ဒေါက်တာဘဟန်၊ ဒုတိယပါ မောက္ခချုပ် ဒေါက်တာခင်နှင်းအိ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနေအောင်၊ ဆရာဆရာမများနှင့် ကျောင်းသူ ကျောင်းသားများက ကြည့်ရှုအားပေးကြသည်။

 

ထိုနောက်ပြိုင်ပွဲတွင် ဆုရရှိကြသော ပြိုင်ပွဲဝင် ကျောင်းသူ ကျောင်းသားများထံသို့ ဂုဏ်ပြုဆုများကို ပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

 

ချမ်းသာ (မိတ္ထီလာ)