တီးတိန်  ဖေဖော်ဝါရီ  ၈

 

ချင်းပြည်နယ်၊ တီးတိန်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တီးတိန်မြို့ စကောလမ်းရပ်ကွက်ရှိ လွတ်လပ်ရေ ကျောက်တိုင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို အဆိုပါနေရာတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ လမ်းနှင့်ပတ်သက်သည့် အချက်အလက်များကို တီးတိန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ကျင်းဟွဲလွန်းက ရှင်းလင်းတင်ပြခဲ့ပြီး တီးတိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးကိုကိုဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးဇင့်ထောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကမ်းလျန်းထန်၊ Lily MotherCompanyမှ ဦးခိုင်ထွန်းမန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး လမ်းသစ်အားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

အဆိုပါ လွတ်လပ်ရေးကျောက်တိုင်လမ်းကတ္တရာလမ်းသစ်သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်၄၀.၂၉၃သန်းဖြင့် Lily Mother Com.မှ တင်ဒါအောင်မြင်ဆောင်ရွက်သောအတိုင်းအတာ ၁၀၆၀'×၁၂'ရှိကြောင်းသိရပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသောပုဂ္ဂိုလ်များ တက်ရောက်ကြကြောင်း သိရသည်။

 

မိုးမိုး(မြို့နယ်ပြန်/ဆက်)