နေပြည်တော် ဖေဖော်ဝါရီ ၁၁
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ဝန်ထမ်းအိမ်ရာအဝင် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီတွင် အဆိုပါလမ်းသစ်၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည်နှင့်အညီ Green City ၊ Clean City ၊ Smart City ဖြစ်စေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသစ်ကို ဒေသခံ ပြည်သူများ ရာသီမရွေး စိတ်အေးချမ်းသာစွာ ရေရှည်အသုံးပြုနိုင်သွားလာနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများ က ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကွန်ကရစ်လမ်းသစ်ကို ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်သည် လမ်းအရှည်ပေ(၄၆၀၀)၊ အကျယ်(၂၄)ပေ၊ (၈)လက်မထု ကွန်ကရစ်လမ်း၊ ကွန်ကရစ်လမ်းဝဲ၊ယာ ကျောက်စီရေမြောင်းပေ(၇၆၀၀)နှင့် ရေပြွန်(၄)စင်း ပါဝင်ကြောင်း သိရသည်။
သတင်းစဉ်