နေပြည်တော် ဖေဖော်ဝါရီ ၁၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်)အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး ဦးအောင်ထိုက်သူ က သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး က သတ်မှတ်အရည်အသွေးစံနှုန်းများနှင့်အညီ ဖွင့်လှစ်သင်ကြားနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် သက်မွေးပညာ၊ နည်းပညာရပ်များဖြစ်၍ လက်တွေ့ ကျွမ်းကျင်မှုရရှိစေရန် Hand on ဖြစ်အောင် သင်ကြားခြင်းနှင့် တတ်မြောက်မှု စစ်ဆေးခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ အင်ဂျင်နီယာပညာရှင်များအဖြစ်သို့ ဆက်လက်တက် ရောက်နိုင်သည့် အခွင့်အလမ်းများရှိနေသဖြင့် ရေရှည်မျှော်မှန်းကာ ဆက်လက်သင်ကြားခွင့် ရရှိနိုင်အောင်လေ့ကျင့်ပေးရန်၊ သင်တန်းဆင်းများ၏ အလုပ်အကိုင်ရရှိမှုနှင့် လူမှုဘဝ အဆင့် အတန်းမြင့်မားလာမှုများကို Feedback Survey and Analysis ဆောင်ရွက်မှတ်တမ်း ထားရန် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အဆောက်အဦနည်းပညာသင်တန်း လျှပ်စစ်နည်း ပညာသင်တန်း၊ မော်တော်ယာဉ်နည်းပညာ သင်တန်း၊ စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာသင်တန်း၊ အီလက်ထရောနစ်နည်းပညာသင်တန်းနှင့် သုတနည်း ပညာသင်တန်းနှင့် အဆောက်အဦ ပြုပြင်ထိန်းသိမ်းမှု နည်းပညာသင်တန်းတို့တွင် ကျောင်း သား၊ ကျောင်းသူများ လက်တွေ့လုပ်ဆောင်နေမှုများနှင့် ပင်မဆောင်တည်ဆောက်ရေးလုပ်ငန်းကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်