ဖေဖော်ဝါရီ ၁၄
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၂ သန်းကျော်ရှိလာကြောင်း လော့စ်အိန်ဂျလိစ်တိုင်မ်းတွင် ယနေ့ဖော်ပြထားသည်။
အဆိုပါဒေသတွင် နေထိုင်သူဦးရေ သန်း ၄၀ နီးပါးရှိရာ ကူးစက်မှုအရေအတွက် အမြင့်မားဆုံးဖြစ်သည်ဟု သိရသည်။
ထိုပြည်နယ်တွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်အမျိုးအစား ( XBB.1.5 ) ကူးစက်မှုသည် ကိုဗစ်ရောဂါကူးစက်ခံရသူအားလုံး၏ ၅၆ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။
ယင်းပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်က ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်မှစတင်ကာ သုံးနှစ်နီးပါး သက်ရောက်မှုရှိခဲ့သော ပြည်နယ်၏ကိုဗစ်-၁၉ ရောဂါဆိုင်ရာအရေးပေါ်အခြေအနေကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အဆုံးသတ်မည်ဟု ၂၀၂၂ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကလည်း ကိုဗစ်-၁၉ ဆိုင်ရာအရေးပေါ်အခြေအနေကို မေလ ၁၁ ရက်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း ပြီးခဲ့လက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
နိုင်ငံ၏ကူးစက်မှုဗဟိုချက်ဖြစ်သော ကယ်လီဖိုးနီးယားပြည်နယ်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ရောဂါကူးစက်မှု ငါးသန်းကျော်ရှိခဲ့ပြီး ဩဂုတ်လနောက်ပိုင်းတွင် ယင်းရောဂါကူးစက်မှု ၁၀ သန်းရှိသည်ဟု အတည်ပြုသတင်းဖော်ပြခဲ့သည်။
ကိုးကာ-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို