နေပြည်တော် ဖေဖော်ဝါရီ ၁၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်အောင်မြင်ခဲ့မှု၊ နယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါ၊ ခုခံကျ/ကာလသားရောဂါ၊ တီဘီရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးကိစ္စ၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Thailand International Cooperation Agency: TICA)၏ အထောက် အပံ့ဖြင့် အဆင့် မြင့်ဆေးရုံ တည်ဆောက်ရေး လုပ်ငန်းကိစ္စ၊ ထိုင်းနိုင်ငံမှ ဆေးပညာရပ်ဆိုင်ရာ တက္ကသိုလ်များနှင့် နားလည်မှု စာချွန်လွှာ(MOU) လက်မှတ်ရေးထိုး၍ ဆေးပညာသင်ကြားမှု တိုးမြှင့်ရေးကိစ္စ၊ နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ 

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူး ချုပ်(ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဉီးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ်(ကုသရေးဉီးစီးဌာန)၊ညွှန်ကြားရေးမှူးချုပ်(ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဉီးစီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်