ကျောက်ဖြူ ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ အထက်ပြင်ကျေးရွာ၌ ယမန်နေ့မွန်းလွဲ (၃)နာရီ(၄၅)မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာအုပ်စု၊ အထက်ပြင်ကျေးရွာ၌ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားနေကြောင်း မွန်းလွဲ(၄)နာရီ မိနစ်(၃၀)ခန့်က တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ကျောက်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းသူဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ(၄) နာရီ (၅၇) မိနစ်တွင် မီးလုံးဝငြိှမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် မီးဘေးသင့်ပြည်သူ (၂)ဦးမှာ နီးစပ်ရာဆွေမျိုးများထံတွင် ယာယီနေထိုင်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)