မြောင်းမြ ဖေဖော်ဝါရီ  ၁၅

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌  ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းပြီး  လျှပ်စစ်ဓာတ်အား ပြည့်ဝစွာအသုံးပြုနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျော့ချနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းစေရေးနှင့် တရားမဝင် ဓာတ်အားသုံးစွဲမှု မရှိစေရေးတို့အတွက် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးလှဟန်နှင့် ဝန်ထမ်းများက ယမန်နေ့နံနက်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မီတာစစ်ဆေးခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများ ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းများနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ကြံ့ခိုင်မှု စစ်ဆေးခြင်းများကို မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြောင်းမြခရိုင် (ပြန်ဆက်)