မိုးမိတ် ဖေဖော်ဝါရီ ၁၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မိုးမိတ်မြို့နယ်သမဝါယမအသင်းစုမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း သမဝါယမ ဖွံ့ဖြိုးရေးလုပ်ငန်း အရင်းမပျောက် မတည်ငွေ ရှမ်းပြည်နယ် ဘတ်ဂျက်ရန်ပုံငွေကျပ် သိန်း(၆၅၀)ဖြင့် ဒေသထွက်စပါးဝယ်ယူထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကွင်ဆင်းစစ်ဆေးရာတွင် မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မိုးမိတ်မြို့နယ် သမဝါယမဦးစီးဌာနမှူး ဒေါ်စန်းစန်းဌေးနှင့် အဖွဲ့ဝင်များသည် ဒေသပေါက်ဈေးဖြင့် ဝယ်ယူထားရှိသည့် စပါး (၅၇၂၁)တင်းအား  ရွှေပတ္တာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းစု ဂိုထောင်တွင် သိုလှောင်ထားရှိသည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

စည်သူဌေး (ခရိုင်ပြန်/ဆက်)