နေပြည်တော် ဖေဖော်ဝါရီ ၁၆
    
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းဆန်တော်နှင့် ဆန် ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့ နယ်ရှိ သာသနာ့ပါလဓမ္မရိပ်သာ(မြိတ်)ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ နယ်ရှိ မဟာစင်္ကြာပရိယတ္တိ စာသင်တိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ဇောတိကာရုံကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဆင်ဖြူပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ သုံးပါးရတနာကျောင်းတိုက်၊ ရန်ကင်းမြို့နယ်ရှိ ပဉ္စနိကာယသာသနာ့ဗိမာန်ကျောင်းတိုက်နှင့် သာကေတမြို့နယ်ရှိ ပါဠိကာရီ ကျောင်းတိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ဇေတဝန်ကျောင်းတိုက်တို့သို့ ဆွမ်းဆန် တော်များကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ဇောင်ကြမ်းပင် ကျောင်း တိုက်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ သံဃာရာမကျောင်းတိုက်၊ မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ ညောင်ကန်ကျောင်းတိုက်နှင့် အမရပူရမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်ရှိ စင်ကာပူကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ကံဦးကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်း ကောင်း တာဝန်ရှိသူများက သွားရောက်ဆက်ကပ်၍ ဆရာတော်၊ သံဃာတော်များအတွက် လှူဒါန်းခဲ့ကြကြောင်းသိရသည်။
(သတင်းစဉ်)