ဖေဖော်ဝါရီ ၁၇

 

ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း အိုင်ဒလစ်ပြည်နယ်တွင် ပြင်းအား ၅ ဒသမ ၄ ပမာဏရှိ ငလျင် လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဆီးရီးယားအမျိုးသားငလျင်လှုပ်ခတ်မှုစောင့်ကြည့်ရေးစင်တာက သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါငလျင်သည် ဒေသစံတော်ချိန်  ည ၁၀ နာရီ ၄၇ မိနစ်က အနက် ၁၈ ဒသမ ၈ ကီလိုမီတာ၊ နိမ်းဆိတ်ခ်ပြည်နယ်မြို့တော် အိုင်ဒလစ်မြို့မှ ၆၁ ကီလိုမီတာအကွာတွင် ငလျင်ဗဟိုချက် လှုပ်ခတ်ခဲ့သည်။

 

ဖေဖော်ဝါရီလ ၆ ရက်က ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၇ နှင့် တူကီယဲနိုင်ငံ အရှေ့တောင်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၆ ပမာဏရှိငလျင်များ လှုပ်ခတ်ခဲ့သည်။

 

ဆီးရီးယားကျန်းမာရေးဝန်ကြီးဌာနက ၎င်းငလျင်လှုပ်မှုကြောင့် သေဆုံးသူ ၁၄၁၄ ဦး ရှိပြီး ဒဏ်ရာရသူ ၂၃၅၇ ဦး ရှိကြောင်း ဖေဖော်ဝါရီ ၁၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

 

ထိုငလျင်လှုပ်ခတ်မှုကြောင့် ဆီးရီးယားအစိုးရနှင့် သူပုန်များထိန်ချုပ်ထားရာဒေသများတွင် လူ ၇၀၀၀ ခန့်သေဆုံးသည်ဟု ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို