ဖေဖော်ဝါရီ ၁၇
ဘရာဇီးနိုင်ငံတောင်ပိုင်းရှိ အကျဉ်းထောင်တွင် ဖေဖော်ဝါရီ ၁၅ ရက်က မီးလောင်မှုဖြစ်ပွားသဖြင့် အကျဉ်းသား သုံးဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၄၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအာဏာပိုင်များက ပြောကြားသည်။
စန်တာကာကာရီနာပြည်နယ် ဖလော်ရီယာနိုပိုလစ်မြို့ရှိ အကျဉ်းထောင်တွင် အကျဉ်းသားများထားရာအခန်းများအနက် အခန်းတစ်ခန်းအတွင်းရှိ မွေ့ရာတစ်ခုမီးစလောင်ရာမှမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထိုအကျဉ်းထောင်အကြီးအကဲက ဆိုသည်။
အဆိုပါအကျဉ်းထောင်မီးလောင်မှုကြောင့် သေဆုံးသူသုံးဦးမှာ မီးခိုးမွှန်ပြီးသေဆုံးခြင်းဖြစ်ကြောင်း ဘရာဇီးနိုင်ငံ၏ ထိပ်တန်း အဖွဲ့ရှေ့နေများကပြောကြားသည်။
ထိုမီးလောင်ကျွမ်းမှုကိုထိန်းချုပ်နိုင်ပြီး အကျဉ်ထောင်၏အခြားနေရာများသို့ပျံ့နှံ့သွားခြင်းမရှိကြောင်း ဘရာဇီးသတင်း နက်ဝက်ဂလိုဘိုနယူးစ်က ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို