ဒေးဒရဲ ဖေဖော်ဝါရီ ၁၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ)အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် ထောက်ပံ့ငွေများအား ယမန်နေ့မွန်းလွဲ (၁)နာရီကစတင်၍ ဘိုးဘွားများ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီမြင့်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီဝင်များက မြို့ပေါ်(၃)ရပ်ကွက်အတွင်းရှိ ဘိုးဘွား(၈၀)၏ လက်ဝယ် အရောက်  ထောက်ပံ့ပေးလျက်ရှိပြီး  ကျေးရွာများရှိ ဘိုးဘွား(၇၁၄)ဦးအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုက်လံထောက်ပံ့ပေးလျက်ရှိရာ ဒေးဒရဲမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက်ရှိသူ (၇၁၄)ဦးအား ၂၀၂၂ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ဒီဇင်ဘာလ)အတွက် တစ်ဦးလျှင်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေ (၂၃၈၂၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အေဇာလင်း