ကျောက်တံခါး ဖေဖော်ဝါရီ ၁၇
၂၀၂၃ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၌ စာစစ်ဌာန(၁)ခုဖြင့် ဖြေဆို ကျင်းပ သွားမည်ဖြစ်ပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း (၅၂၂) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်၌ ၂၀၂၃ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁)ခုဖြင့် ဖြေဆိုကျင်းသွားမည်ဖြစ်ကာ အ-ထ-က(ကျောက်တံခါး)စာစစ်ဌာနတွင် အတွင်းဖြေ (၄၂)ဦး ၊ အပြင်ဖြေ (၄၈၀)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ (၅၂၂)ဦး ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာ(ဖောင်)များ တင်ထားပြီးဖြစ်ကြောင်း သိရကာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသားကျောင်းသူများကို တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကျောက်တံခါးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)